Video

သက်ရှိများစွာ သူရောငါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

Total Pageviews


Powered by Blogger.
Quas molestias excepturi

Quas molestias excepturi

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Quas molestias excepturi
Impedit quo minus id

Impedit quo minus id

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Impedit quo minus id
Voluptates repudiandae kon

Voluptates repudiandae kon

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Voluptates repudiandae kon
Mauris euismod rhoncus tortor

Mauris euismod rhoncus tortor

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Mauris euismod rhoncus tortor

Search

Main Nav

Followers

 
Wednesday, February 23, 2011

“စကြာဝဠာနှင့် ကမ္ဘာကြီး”ကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်တို့၏အမြင်

1 မှတ်ချက်>>

“စကြာဝဠာ” သို့ “ကမ္ဘာကြီး” ဟူသောစကားကို သိတတ်ခါစ ကလေးဘ၀ကပင် ကြားသိ ရင်းနှီးနေခဲ့ပြီးသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်ခဲ့ပါသည်။ သို့သော်လည်း သေချာ ရှင်းလင်း မသိခဲ့သည်မှာ အမှန်ပင်။ ယခုအခါတွင် စာပေးများလေ့လာမှုမှတဆင့် သိထားသော စကြာဝဠာကမ္ဘာကြီး၏ အချက်အလက်များကို စိတ်ဝင်စားသူများ ဗဟုသုတ ပွါးတိုးစေခြင်းငှါ ရည်ရွယ်လျက် စကြာဝဠာကမ္ဘာကြီးအကြောင်းကို ဗုဒ္ဓမိန့်ကြားချက်များနှင့် ခေတ်သစ်သိပ္ပံပညာရှင်များ၏အဆိုများကို နှိုင်းယှဉ်ကာ တင်ပြလိုက်ခြင်းဖြစ်သည်။

စကြာဝဠာကမ္ဘာကြီးအကြောင်းကို လေ့လာကြည့်သောအခါ ဘုရားဟော လောကန္တဂမနသုတ်တွင် ရောဟိတ ဟုအမည်ရှိသော နတ်သားသည် အရောင်အလင်းတောက်ပစွာဖြင့် မြတ်စွာဘုရားရှင်ထံ ရောက်လာပြီး လျှောက်ထားခဲ့သည်မှာ *တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံပြီး ကောင်းကင်၌
လျင်မြန်စွာ ပျံသန်းသွားလာနိုင်သော တပည့်တော်သည် လောကကြီး၏ အဆုံးနှင့်၊ လောက၏
ငြိမ်းချမ်းသော နေရာကို နေရာအနှံ့လိုက်ရှာခဲ့ပါသော်လည်း မတွေ့ခဲ့ပါဘုရား * ဟုဖြစ်သည်။ ဤစကား၌
လောက၏အဆုံးမရှိခြင်းနှင့် လောက၏ ငြိမ်းချမ်းမှုတို့ဖြင့် အတိပြည့်သော နေရာဟူ၍မရှိ’ ဟူသော အဓိပ္ပါယ်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တိပိဋကသုံးပုံထဲမှ မဟာပဒါနသုတ်၊ အဂ္ဂညသုတ်တို့တွင်လည်း ကမ္ဘာလောကကြီးအကြောင်းကို လေ့လာသိရှိနိုင်ပါသည်။

ဗုဒ္ဓတရားတော်၌ တွေ့ရသော စကြာဝဠာမှာ လေးကွန်းတမြင်းမိုရ် လ, နေ, နက္ခတ္တာရာနှင့်၊ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အစရှိသော ဘုံတို့ပါဝင်သော တည်နေရာ (သို့) အုပ်စု တခုကို စကြာဝဠာဟု သမုတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ဤကမ္ဘာမြေထု၏ ထုထည်ပမာဏသည် ယူဇနာအားဖြင့် (၂၄၀,၀၀၀) ရှိသည်ဟု စာပေများတွင် တွေ့ရှိရပါသည်၊ တစ်ယူဇနာလျှင် မိုင်အားဖြင့် (၁၂.၇) ရှိသည်ဟု မျက်မှောက်ကာလ၌ သတ်မှတ်ထားကြသည်၊ ယူဇနာ (၂၄၀,၀၀၀)လုံးကို မိုင်အားဖြင့်
တွက်ကြည့်သော် မိုင်ပေါင်း (၃,၀၄၈,၀၀၀) ရှိပါသည်။ ၄င်းမြေထုကြီးကို ရေထုကြီးက ခံထားပြီး၊
ရေထုကို လေထုကြီးက တဖန် ၀န်းရံပင့်တင်ထားသည်။

အခုခေတ် သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိချက်များကို နည်းနည်းတင်ပြရပါသော် လူသားတို့နေထိုင်သော ဤကမ္ဘာမြေကြီးသည် နှစ်ပေါင်း ၄.၅၅ ဘီလီယံကျော်ခန့်လောက်ကတည်းက ဖြစ်ပေါ်ခဲ့သည်၊ ကမ္ဘာသည် Planet ဂြိုလ် တစ်လုံးသာဖြစ်သည်၊
နေကို ၀န်းရံလှည့်ပတ်နေသော ဂြိုလ်တို့မှာ ဂြိုလ်ကြီး (၉)လုံးဖြစ်သော
(၁) MercuryPlanet- ဗုဒ္ဓဟူးဂြိုလ်၊
 (၂)Venus Planet- သောကြာဂြိုလ်၊          
(၃)Earth Planet-ကမ္ဘာဂြိုလ်၊
(၄)Mars Planet- အင်္ဂါဂြိုလ်၊             
(၅) Jupiter Planet-ကြာသပတေးဂြိုလ်၊
(၆) Saturn Planet- စနီဂြိုလ်၊
(၇) Uranus Planet-ယူရေးနပ်ဂြိုလ်၊                                                                                                                  (၈)Neptune Planet-နပ်ပကျွန်းဂြိုလ်၊
(၉)Pluto Planet- ပလူတိုဂြိုလ်တို့နှင့် တခြားဂြိုလ်အရံ (၃၁)လုံးရို့က ဂြိုလ်သေးများနှင့်တကွ ၀န်းခံလှည့်ပတ်လျက်ရှိသည်ဟု ဆိုသည်။

လူသားများနေထိုင်သော ဤကမ္ဘာဂြိုလ်သည် နေမှ (၉၂,၉၀၀,၀၀၀)မိုင် ကွာဝေးသည်၊ နေမှထုတ်လွှင့်သော အလင်းရောင်သည် ကမ္ဘာမြေပြင်ကိုရောက်ရှိရန် (၈)မိနစ်နှင့် (၃) စက္ကန့်ကြာသည်၊ တစက္ကန့်လျှင် အလင်းဖြတ်သန်းနှုန်းမှာ (၁၆၀,၀၀၀) မိုင်ရှိသည်၊
လူသားတို့နေထိုင်သော ဤစကြာဝဠာကြီးတွင် နေသည် အကြီးမားဆုံးပမာဏရှိပြီး ဆွဲငင်အားကြီးသော နေကို
ဆွဲအားနည်းသော ဒီကမ္ဘာ အပါအ၀င်ဂြိုလ်ကြီးကိုးလုံးက လှည့်ပတ်နေသည်၊ ကမ္ဘာသည် တစ်ရက်လျှင်
တစ်ပတ်နှုန်းဖြင့် နေကိုလှည့်ပတ်နေသောကြောင့်
တစ်နှစ်( ၃၆၅.၂၆) သို့ (၃၆၅.၂၅၆၄) ရက်တွင်
တစ်ပတ်ရသည်၊ ဒီကမ္ဘာသည် သူ့ဝင်ရိုးပေါ်တွင် အနောက်ဘက်မှ အရှိဘက်သို့ လည်ပတ်နေသောကြောင့်
တခြမ်းစီသည် အမှောင်နှင့် အလင်းကို တလှည့်စီ ရရှိစေသည်၊ ရေများသည် အားလုံးခဲမသွားစေရန်နှင့် အားလုံး အရေပျိုမသွားစေရန် နေမှ သင့်တော်သော အလင်းရောင် ငွေ့ကို ရရှိစေသည်၊ ထို့အတူ လ,သည်လည်း
ကမ္ဘာကိုလှည့်ပတ်ရာ တစ်လလျှင် တစ်ပတ်ရလေသည်၊ ဤကမ္ဘာမြေပြင်ထုသည် အာကာသထဲ၌ မျောပါနေသော
ဂြိုလ်တစ်လုံးသာဖြစ်သောကြောင့် အခြားဂြိုလ်တစ်လုံးမှ ကြည့်လျှင် “ မှိတ်တုတ်, မှိတ်တုတ်”
လင်းလက်နေသော ကြယ်မှုန် ကြယ်မွှားလေး တစ်ခုသာဖြစ်ပေသည်။
ဗုဒ္ဓတရားတော်တွင် စကြာဝဠာသုံးခု ဆက်စပ်ရာကြား၌ အလင်းရောင်၊ လရောင်၊ မရောက်နိုင်သော အမှောင်ထုကြီး ဖုံးလွှမ်းရာ နေရာကို လောကန္တရိတ်ငရဲဟု ဆိုထားပါသည်၊ ဒီနေ့ခေတ် သိပ္ပံပညာရှင်တို့ တွေ့ရှိသတ်မှတ်ထားသော Black
Hold ကောင်းကင်ထောင်ချောက်ကြီးများဖြင့် ယှဉ်တွဲလေ့လာနိုင်ပေသည်။ လောကဓါတ်ပေါင်း (၁၀၀၀)
ပါဝင်သော အုပ်စုကို ဗုဒ္ဓစာပေ၌ အငယ်စား “ သဟဿီ” လောကဓါတ်ဟုခေါ်ဆိုသည်ကို တွေ့ရသည်၊ စကြာဝဠာလောကဓါတ်ပေါင်း
(၁၀၀၀၀) ပါဝင်သည့် အုပ်စုကို “ ဇာတိခေတ်’ အာဏာခေတ်’ ၀ိသယခေတ်” သုံးမျိုးတွင် ဇာတိခေတ်
ဟု သတ်မှတ်ခေါ်သည်။ မြတ်စွာဘုရားရှင်နှင့် ဘုရားအလောင်းတော်များအတွက် ထူးခြားသော နိမိတ်များဖြစ်လျှင်
စကြာဝဠာတိုက် (၁၀၀၀၀) တစ်သောင်းလုံး တုန်ခါတတ်သည်။

ဒီကမ္ဘာမြေပြင်မှ တခါတရံ တွေ့မြင်ရသော Galazy နဂါးငွေ့တန်းခေါ် Milkway ကို ပါဠိဘာသာမှာ “အာကာသဂင်္ဂါ’ ကောင်းကင်မြစ်ကြီး”ဟု ခေါ်ပါသည်၊ ဂြိုလ်သိမ် ဂြိုလ်မွှားများ အပါဝင် အရံဂြိုလ် (၃၁) လုံး၊ ဂြိုလ်ကြီး (၉) လုံးနှင့်
နေ စကြာဝဠာက နဂါးငွိတန်း Galazy ကိုတစ်ပတ်ရအောင် လှည့်ပတ်ရသော အချိန်မှာ နှစ်ပေါင်း
(၂၂၅) သန်းကြာလေသည်၊ အထက်၌ပြောခဲ့သော နဂါးငွေ့တန်းအား သာမန်မျက်စိဖြင့်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း
အဆုံးတွင် ဆုံးသွားသည်ဟု ထင်ရပြီး၊ အားကောင်းသော နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့်ကြည့်လျှင်
ဝမ်းဘဲဥပုံ ခရုခွေကြီး ပုံသဏ္ဍာန် တွေ့ရှိရပါသည်။ လူသားတို့ နေထိုင်သော ကမ္ဘာမြေအပါအ၀င် ဤစကြာဝဠာကြီးသည်
Galazy နဂါးငွေ့တန်း၏ နောက်ဆုံးအခွေ အစွန်အဖျားဘေးနားတွင်ရှိသော မပြောပလောက်သည့် အခြွေသေးလေး
တစ်ခုသာဖြစ်ပေသည်။

ဗုဒ္ဓတရားတော်၌ စကြာဝဠာ လောကဓါတ်ပေါင်း (၁၀၀,၀၀၀) ပါဝင်သော အုပ်စုကို “ဒွိသဟဿီ” အလတ်စား စကြာဝဠာအုပ်စုဟုဆိုသည်၊ အထက်၌ဖေါ်ပြခဲ့သော နဂါးငွိတန်း Galazy တွင်စကြာဝဠာ ကုဋေ(၁၀၀,၀၀၀)တစ်သိန်းခန့် ပါဝင်လေသည်၊ ဗုဒ္ဓဒေသနာတော်လာ တတိယစကြာဝဠာအမျိုးစားမှာ
စကြာဝဠာ ကုဋေ (၁၀၀,၀၀၀) တစ်သိန်းခန့်ပါဝင်သော အကြီးစား လောကဓါတ်ကို “တိသဟဿီ” စကြာဝဠာ ဟုခေါ်လေသည်၊
ခေတ် သုံးမျိုးတို့တွင် အာဏာခေတ် ဟုခေါ်၏၊ မြတ်စွာဘုရား၏ ပရိတ်ဒေသနာတော် အာဏာစက် တန်ခိုးသတ္တိ
အရှိန်အဟုန်၊ အာဏာစက် သက်ရောက်ရာ ရပ်ဝန်းဒေသဖြစ်လေသည်၊ ယင်းစကြာဝဠာ ကုဋေ (၁၀၀,၀၀၀) တစ်သိန်းသည်
ဆိုးတူ ကောင်းဘက်၊ ဖြစ်တူ၊ ပျက်ဘက်၊ စကြာဝဠာများဖြစ်ကြပေသည်။

ဒီနေ့ သိပ္ပံပညာရှင်တို့ သတ်မှတ်ထားသော မဟာလောကဓာတ်သည် Gagazy နဂါးငွိတန်းပေါင်း (၂၅၀၀)နှစ်ထောင့်ငါးရာ ပါဝင်သော လောကဓာတ်ကို ခေါ်ဆိုသည်ရှိသော် နေစကြာဝဠာပေါင်း ကုဋေ (၂၅)နှစ်ဆယ့်ငါးသန်းကို အကြီးစား
လောကဓာတ် စကြာဝဠာ” ဟုခေါ်နိုင်မည်ဖြစ်သည်။ ဒီကမ္ဘာအပါဝင် နေစကြာဝဠာကြီးသည် အဆိုပါလောကဓာတ်ကြီးကို
မိုင်ပေါင်း (၁၃၀၀၀၀၀)တစ်ဆယ့်သုံးသိန်း နှုန်းဖြင့် လှည့်ပတ်နေရသည်ဟုဆိုသည်။ Galazy နဂါးငွိတန်း၏ အကျယ်ဝန်း
ပမာဏမှာ ဒီမာဘက်မှ ထိုမာဘက်ထိ အလင်းနှစ် (၁၅၀၀၀၀)တစ်သိန်းငါးသောင်း ကြာအောင် သွားရပေသည်၊ အလင်းဖြတ်သန်းနှုန်းမှာ
တစ်စက္ကန့်လျှင် မိုင်ပေါင်း (၁၈၆၀၀၀) နှုန်းဖြင့်သွားသော် နှစ်သန်းပေါင်း (၂၀၀၀၀) သွားမှသာ
ရောက်နိုင်လေသည်၊ ထုထည်အားဖြင့် အလင်းနှစ် (၂၅၀၀၀) နှစ်သောင်းငါးထောင်မှ (၄၀၀၀၀)လေးသောင်းထိ ရှိလေသည်။

အလွန်တရာ အပြောကျယ်လှသော အာကာသဟင်းလင်းပြင်ထဲမှာ နဂါးငွိတန်း အများကြီးပါဝင်သော လောကဓါတ်ကို သိပ္ပံပညာရှင်တို့က “NABULA” ဟုခေါ်လေသည်။ ထိုသို့ NABULA သန်းပေါင်း (၃၀)ခန့်လောက် တွေ့ရှိရကြောင်း သိပ္ပံပညာရှင်များ၏ ကြော်ငြာချက်၌ တွေ့ရှိရသည်၊ NABULA တခုနှင့်
တခု အကွာအဝေးမှာ အလင်းနှစ်ပေါင်း (၂) ခန့် ကွာဝေးကြောင်းလည်း ၄င်းပညာရှင်တို့က တွက်ချက်ခဲ့ကြလေသည်၊
ဘုရားဟော အနန္တစကြာဝဠာ ဆိုသည့်စကားအတိုင်း အပြောကျယ်လှသော အာကာသတခွင်မှာ စကြာဝဠာတို့
မရေတွက်နိုင်အောင်ပင်ရှိကြောင်း လေ့လာသိရှိနိုင်သည်။ ၄င်းလောကဓါတ်ကြီး တခုလုံးကို
“ ၀ိသယခေတ်” ဟုခေါ်ဝေါ်လေသည်၊ မြတ်စွာဘုရားရှင်တို့၏ ဥာဏ်တော်ဖြင့်သာလျှင် ထိတွေ့ကျက်စားနိုင်သော
ဒေသပင်ဖြစ်သည်၊ သာမန်လူသားများအနေဖြင့် တပ်အပ်သေချာ သိမြင်နိုင်ဘို့ရန် မလွယ်ကူလှပေ။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓတရားတော်နှင့် ခေတ်သစ်သိပ္ပံပညာရှင်တို့၏ အဆိုအရ tidal
interaction ကြောင့် ကမ္ဘာထက်ဆွဲအားကြီးမားသော နေက ကမ္ဘာကို ၀ါးမျိုလားမည်ဖြစ်ပြီး သက်ဟိအားလုံးနှင့်
“ကမ္ဘာကြီးတခုလုံး ပျက်စီးရမည်သာဖြစ်သည်” ဟူသောပြောဆိုချက်များသည် တထပ်တည်းသာဖြစ်ပေသည်။

အပေါ်တွင် နှိုင်းယှဉ်တင်ပြခဲ့သော ဗုဒ္ဓဘုရားရှင် မိန့်ကြားချက်များနှင့် ခေတ်သစ်သိပ္ပံပညာရှင်တို့၏လေ့လာတွေ့ရှိမှု အဆိုများ၊ တဖန် ဗုဒ္ဓဘုရားရှင်မိန့်ကြားခဲ့သော အနန္တစကြာဝဠာအကြောင်း၊ ရောဟိတအမည်ရှိသောနတ်သား ဖြတ်သန်းခဲ့သော စကြာဝဠာအကြောင်း၊ ဒီနေ့ မျက်မှောက်ခေတ် သိပ္ပံပညာရှင်တို့လေ့လာတွေ့ရှိ လက်ခံထားသော စကြာဝဠာအကြောင်း (သို့) ကမ္ဘာကြီးအကြောင်းများကို စာပေချစ်မြတ်နိုးသူများ လေ့လာ နှိုင်းယှဉ် သိရှိပြီး ဗဟုသုတတိုးပွါးစေရန် ရည်ရွယ်လျက် စားရေးသူ၏ အကောင်းဆုံး
ဆန္ဒမွန်များဖြင့် ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါသည်။

One Response so far.

  1. မှတ်သားဖွယ်ရာပါ။ ကျွန်တော်လည်း ရောဟိတဿ အကြောင်းရေးခဲ့ပါသေးတယ်။
    ကျေးဇူးတင်ပါတယ်။

Leave a Reply

 
. © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here