Video

သက်ရှိများစွာ သူရောငါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

Total Pageviews


Powered by Blogger.
Quas molestias excepturi

Quas molestias excepturi

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Quas molestias excepturi
Impedit quo minus id

Impedit quo minus id

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Impedit quo minus id
Voluptates repudiandae kon

Voluptates repudiandae kon

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Voluptates repudiandae kon
Mauris euismod rhoncus tortor

Mauris euismod rhoncus tortor

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Mauris euismod rhoncus tortor

Search

Main Nav

Followers

 
Wednesday, March 7, 2012

* လူတစ်ယောက်၏ တန်ကြေး (တန်ဖိုး) *

0 မှတ်ချက်>>


“How much is one human life worth” လူသားဘ၀တစ်ခုသည် ဘယ်လောက် တန်ရာတန်ကြေးရှိသလဲ..? ဆိုတဲ့ မေးခွန်းကို ကမ္ဘာတစ်ဝှန်းရှိ တက္ကသိုလ်တို့၏ ထိပ်ဆုံးကနေရာကို ယူထားသော ဟားဗက်တက္ကသိုလ်ကြီးမှ Prof- Michael Sandel ၏ lecture တွင်ဖတ်ရှု နားထောင်ဖူးပါသည်၊၊

နားထောင်ဖတ်ရှုပြီး အတွေးစဉ်းစားခန်းများတသီကြီးဖွင့်ကာ ကမ္ဘာကြီးသို့ လူသားအဖြစ် ရောက်ဟိလာသော ကျွန်ုရို့၏တန်ကြေးကို စဉ်းစားနေမိသည်။



ကျွန်ုပ်တို့ရဟိထားသော လူ့ဘ၀တစ်ခု၏ တန်ရာတန်ကြေးကို ဘက်ပေါင်းစုံမှ ပညာရှင်ရို့က ရှုဒေါင့်မျိုးစုံက အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်၊ ကျွန်ုပ်၏ ဥာဏ်မီသလောက်တွေးမိသည်ကို တင်ပြရလျင်… ကိုယ်နှင့် ကိုယ်ဆက်စပ်ရာ ပတ်ဝန်းကျင်တခုလုံး၊ ထိုထက်စွမ်းဆောင်နိုင်လျင် လူသားတရပ်လုံးအတွက် အကျပ်အတည်း အခက်ခဲထောင်ချောက်တွင်းမှ လှပဖြူစင်သောနှလုံးသားကိုအပ်နှင်းကာ လက်ချင်းဆက်လျက် ဆွဲခေါ်တင်ပြီး လူ့အဆင့်တန်းမီရှင်သန်ရပ်တည်နိုင်ရေးအတွက် ကိုယ်ကျိုးစွန့်လွှတ် ပီးဆပ်စွမ်းဆောင် နိုင်သူများသည်သာလျင် အမှန်တကယ်တန်ရာတန်ကြေးမြင့်သော လူသားဘ၀တစ်ခုကို ရရှိပိုင်ဆိုင်ခဲ့ သူများဟု သတ်မှတ်ပီးသင့်သည်ထင်ပါသည်။

လူသားတစ်ဦး၏တန်ရာတန်ကြေး (သို့မဟုတ်) တန်ဖိုးကိုသတ်မှတ်ရာတွင် ၄င်းလူ၏ ပစ္စည်းဥစ္စာ၊ ရာထူး၊အာဏာ၊ ပြင်ပအဆင်တန်ဆာတို့ကို အပေါ်ယံမျှကြည့်၍ ဆုံးဖြတ်သတ်မှတ်မည်ဆိုပါလျင် ကျွန်ုပ်လုံးဝလက်ခံမည်မဟုတ်၊ အဘယ်ကြောင့်နည်းဆိုသော် အသိဥာဏ်နည်း လူသားချင်းမစာနာတတ်သော သူတို့၏ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ အဆင်တန်ဆာတို့သည် ဆင်းရဲ အားနည်းသောလူတန်းစားများအား နိုင်ထက်စီးနင်းလုပ်တတ်ပြီး ရသမျှပစ္စည်းများအား ကိုယ်ကျိုးတစ်ခုတည်းအတွက်သာ အသုံးချတတ်သောကြောင့်ဖြစ်သည်။

ယဉ်ကျေး၊သိမ်မွေ့၊အသိဥာဏ်ရှိ၊ လှပနေသော လူ့ဘောင်အား မညီညာ မလှပ အကျဉ်းတန်စေသော အရောင်များကိုသုံးကာ ဖျက်ဆီးနေသော၊ ယင်းကဲ့သို့ ရာထူး၊ အာဏာသုံးပြီး လူတစ်ဖက်သားကို အနိုင်ကျင့်တတ်သော၊ သူသေသေမသေသေ ငတေမာပြီးရော ဆိုသော ၀ါဒသည် အသိဥာဏ်နည်း၊ လူမပီသသူတို့ရဲ့ ကျက်စားရာ စားကျက်ကွင်းတစ်ခုဖြစ်ပြီး၊ သူတို့ရဲ့ ခိုလှုံရာ တင်းကုတ်ငယ်တစ်ခုလည်းဖြစ်သည်။

ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာ မရှိသော်လည်း လူ့ကျင့်ဝတ်သိက္ခာကိုတန်ဖိုးထားပြီး ရိုးသားကြိုးစား၊ လူတစ်ဖက်သားအား စာနာထောက်ထားကာ ကိုယ့်မိသားစုတစ်ခုအား မချမ်းသာသော်လည်း မဆင်းရဲစေပဲ လူ့ဘ၀တစ်ခုရပ်တည်နိုင်အောင်ထားနိုင်သော သာမန်လူတစ်ယောက်၏တန်ဖိုးသည် (သို့မဟုတ်) တန်ရာတန်ကျေးသည် ရာထူး၊ အာဏာကို ဗန်းပြပြီး ရေနစ်သူခေါင်းကိုနင်းကာ ကိုယ့်လှေပေါ်အောင်လုပ်တတ်သော လူစိတ်ဓါတ်မရှိသောသူတို့ထက် သာလွန်၍ တန်ဖိုးမြင့်မားသည်ကို လူအသိဥာဏ်ရှိသူတိုင်း လုံးဝငြင်းဆန်ကြလိမ့်မည်မဟုတ်ချေ။

ထိုကဲ့သို့ တစ်ဖက်သားကို နိုင်ထက်စီးနင်းလုပ် ကိုယ်ကျိုးသာကြည့်တတ်သူတို့၏ တန်ရာတန်ကျေးသည် တစ်ပြားတစ်ချပ်မှမတန်ပဲ အနှုတ်လက္ခာသာရှိသည်၊

တစ်နေ့တာလုပ်အားခကို နေ့စဉ် အရက်ပုလင်းဝသို့ ထဲ့လေ့ရှိသော (အရက်သမား)လူတစ်ယောက်၏ တန်ရာတန်ကျေးသည် ထိုအရက်ပုလင်း အ၀လောက်သာ ရှိချေသည်။ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ မြို့၊ရွာ၊ ကိုယ့်လူမျိုးတို့အား တိုးတက်ကြီးပွါးလာအောင်စွမ်းအောင်နိုင်သော လူတစ်ယောက်၏ တန်ဖိုးသည် ထိုမိသားစု၊ ရပ်ကွက်၊ မြို့၊ရွာ၊ လူမျိုးတစ်ခုလုံးအတွက် တန်ဖိုးမြင့်သော လူတစ်ယောက်ဖြစ်သည်၊ ဥာတတ္ထစရိယဟုလည်းခေါ်သည်။

ထိုထက်မက စွမ်းနိုင်လျှင် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်ခန့်က လူသားတစ်ရပ်လုံး အကျိုးစီးပွါးအတွက်(လောကတ္ထစရိယ) ပွင့်ပေါ်ခဲ့သော ဗုဒ္ဓ၏တန်ဖိုးသည် ထိုလူသားတစ်ရပ်လုံးအတွက်တန်ဖိုးအမြင့်ဆုံး လူထဲက လူတစ်ယောက်ဖြစ်ခဲ့သည်။

လက်ရှိခေတ်ကိုကြည့်လျင် အမေရိကန် သမ္မတ အိုဘားမား၏ တန်ရာတန်ကျေးသည် တစ်ကမ္ဘာလုံးရဲ့ ပညာရေး၊စီးပွါးရေး၊ကျမ္မာရေး၊လူမှူရေး၊ လူသားတစ်ရပ်လုံး ခေတ်မီတိုးတက် သာယာဝဖြိုးပြီး ပျော်ရွှင်ငြိမ်းချမ်းစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် တာဝန်သိစွာလုပ်ဆောင်နေသောကြောင့် သူရဲ့တန်ဖိုးသည်လည်း လူသားတစ်ရပ်လုံးအတွက် တန်ဖိုးရှိသည်ဟု ဆိုနိုင်ပေသည်။

ဗုဒ္ဓဘာသာစာပေများတွင် “မနုဿတ္တဘာဝေါ ဒုလ္လဘော’ လူအဖြစ်ကိုရဟိဖို့ရန် အလွန်ခက်ခဲသည်” ဟုဆိုထားရာ ရရှိရန်ခက်ခက်သော လူအဖြစ်ကို ကျွန်ုပ်ရို့ ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည်၊ တစ်ဆင့်တက်ပြီး ရရှိထားသော ကျွန်ုပ်တို့ဘ၀ကို တန်ရာတန်ကြေးမြင့်မားလာအောင် မည်ကဲ့သောအလုပ်ပေတံဖြင့် တိုင်းတာသတ်မှတ်သင့်သနည်း၊ ကိုယ်လုပ်ချင်သော အလုပ်များစွာထဲမှ အသင့်တော်ဆုံး အမြင့်မြတ်ဆုံး လုပ်သင့်သော လူသားတန်ဖိုးမြှင့် အလုပ်က ဘာဖြစ်သင့်သနည်း..?

အသိဥာဏ်ကို အသားပေးပြီး လူ့ဘောင်တစ်ခုလုံး ပျော်ရွှင်ငြိမ်းစွာနှင့် ကြာရှည်ခံတိုးတက်ဖို့ရန် အစွမ်းကုန် တည်ဆောက်နေသော ခေတ်သစ်ကမ္ဘာကြီးတွင် ကိုယ့်အကြောင်းကံအားလျော်စွာ ခေတ်ဆိုး၊ စနစ်ဆိုးအောက်မှာ မွေးဖွါးကြီးပြင်းလာသော်လည်း၊
ခေတ်သစ်လူငယ် ဘော်တာများသည် အသိဥာဏ်နည်းသော ကလေးဘ၀က လွှမ်းခြုံခြင်းခံထားရသော စနစ်ဆိုး စရိတ်ဆိုးများဖြင့် တစ်ကမ္ဘာလုံးသို့ အနံ့ဆိုးများဖြန့်ကြဲထွက်နေသော ၀ံပလွေအရေခွံအား စွန့်ပစ်လိုကြသည်မှာ အမှန်ပင်။

ခေတ်သစ် စနစ်သစ်မှာ လူငယ်များစွမ်းအားကို အစွမ်းကုန်ထုတ်သုံးလျက် ကမ္ဘာကြီးရဲ့ အဆီ၊အနှစ်များကို ထုတ်ယူ၊သုံးစွဲကာ အကောင်းဆုံးခေတ်ပေါ် ပစ္စည်းများဖြင့် လူ့သားစည်းစိမ်ကို အပြည့်အ၀ သုံးစွဲ၊ခံစားနေကြသော ဥရောပနိုင်ငံသားများနည်းတူ ရင်ပေါင်တန်းရန် ဆန္ဒပြင်းပြလျက်ရှိနေကြသည်။

ခေတ်သစ်လူငယ်များပီပီ ကိုယ်တစ်ဦးတစ်ယောက် တိုးတက်ကောင်းစားရေးထက် လူငယ်များစွမ်းအားကို အပြည့်အ၀သုံးကာ ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ မြို့၊ ကိုယ့်လူမျိုး၊ နိုင်ငံတစ်ခုလုံး ပညာရေး၊ စီးပွါးရေး၊ ကျမ္မာရေး၊ လူမှူရေးစသော လူသားအရင်းအမြစ်(Human resources)များကို မြင့်ကျန်ရစ်အောင် လူဖြစ်လာသော ခဏတာမှာ ကြိုးစားစွမ်းဆောင်ယင်း.....
ကိုယ်မိသားစုအတွက်၊ ကိုယ့်ရပ်ကွက်၊ မြို့၊ ရွာ အတွက်၊ ကိုယ့်လူမျိုး၊ နိုင်ငံအတွက် စံချိန်တင် တန်ဖိုးမြင့်သော လူစွမ်းကောင်းများဖြစ်အောင် အစွမ်းကုန် ကြိုးစား စွမ်းဆောင်ဖို့ရန် စိတ်ဓါတ်အားမာန်ပြည့် မျိုးဆက်သစ် လူငယ်အများအပြားပေါ်လာကြသည်မှာ အထူးအားရကျေနပ်စရာတစ်ခုပင်ဖြစ်သည်။

တန်ဖိုးရှိသော လူ့ဘ၀ကို ရရှိထားသော ကျွန်ုပ်တို့အားလုံးသည် လူသားတန်ဖိုးမြင့်အလုပ်များဖြစ်သော ကိုယ်နှင့် ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်၊ရွာ၊ မြို့၊ လူမျိုး၊နိုင်ငံနှင့် လူသားတစ်ရပ်လုံး၏ တိုးတက်အောင်မြင်ကြီးပွါးရေးအတွက် ပညာရေးစသောလူမျိုးအရင်းအမြစ်များကို လုပ်ဆောင်မြှင့်တင်ယင်း စံချိန်တင် တန်ဖိုးမြင့်လူသားများဖြစ်နိုင်ကြပါစေ၊ ဖြစ်အောင်လည်းကြိုးစားကြပါစို့လို့….
အကောင်းဆုံး ဆန္ဒမွန်များဖြင့်……..

အရှင်ပညာ
၇၊၃၊၂၀၁၂

Leave a Reply

 
. © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here