Video

သက်ရှိများစွာ သူရောငါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ...

Total Pageviews


Powered by Blogger.
Quas molestias excepturi

Quas molestias excepturi

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Quas molestias excepturi
Impedit quo minus id

Impedit quo minus id

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Impedit quo minus id
Voluptates repudiandae kon

Voluptates repudiandae kon

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Voluptates repudiandae kon
Mauris euismod rhoncus tortor

Mauris euismod rhoncus tortor

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum...

Mauris euismod rhoncus tortor

Search

Main Nav

Followers

 
Thursday, March 8, 2012

စကြာဝဠာကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်ရို့၏အမြင်

0 မှတ်ချက်>>


စကြာဝဠာကမ္ဘာကြီးအကြောင်းကို လေ့လာကြည့်ရေခါ ဘုရားဟော လောကန္တဂမနသုတ်မှာ ရောဟိတ ဆိုရေ နတ်သားသည် အရောင်အလင်း တထိန်ထိန်နန့် မြတ်စွာဘုရားထံရောက်လာပြီး လျှောက်ထားသည်မှာ *တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံပြီး ကောင်းကင်၌
မြန်ဆန်စွာ ပျံသန်းလားလာနိုင်ရေ တပည့်တော်သည် မရပ်မနား ဆက်တိုက် လောက၏အဆုံးနန့်၊ လောက၏
ငြိမ်းချမ်းရေ နီရာကို လိုက်ရှာခပါသော်လည်း မတွိမမြင်ခပါဘုရား * ဟုဖြစ်သည်။ ဤစကား၌
လောက၏အဆုံးမရှိခြင်းနန့် ငြိမ်းချမ်းမှုတို့ အတိပြည့်သော နီရာဟူ၍မရှိဟု အဓိပ္ပါယ်ပေါ်လွင်စီပါသည်။
အခြားသော မဟာပဒါနသုတ်၊ အဂ္ဂညသုတ်တို့တွင်လည်း ကမ္ဘာလောကကြီးအကြောင်းကို တွိဟိနိုင်ပါသည်။

ဗုဒ္ဓတရားတော်၌ တွိရသော စကြာဝဠာမှာ လေးကွန်းတမြင်းမိုရ် လ, နီ, နက္ခတ္တာရာနှင့်၊ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အစဟိသော ဘုံတို့ပါဝင်ရေ တည်နီရာ သို့ အုပ်စု တခုကို စကြာဝဠာဟု သမုတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

ဤကမ္ဘာမြီထု၏ ထုထည်ပမာဏသည် ယူဇနာအားဖြင့် (၂၄၀,၀၀၀) ရှိရေလို့ စာပေများတွင်တွိဟိရပါသည်၊ တစ်ယူဇနာလျှင် မိုင်အားဖြင့် (၁၂.၇) ရှိသည်ဟု မျက်မှောက်ကာလ၌ သတ်မှတ်ထားကတ်သည်၊ ယူဇနာ (၂၄၀,၀၀၀)လုံးကို မိုင်အားဖြင့်
တွက်ကြည့်သော် မိုင်ပေါင်း (၃,၀၄၈,၀၀၀) ရှိပါသည်။ယင်းမြီထုထည်ကြီးကို ရီထုကြီးက ခံထားပြီး၊
ရီထုကို လီထုကြီးက တဖန် ၀န်းရံပင့်တင်ထားသည်။

အဂုခေတ် သိပ္ပံပညာရှင်ရို့ လေ့လာတွိဟိချက်များကို တဖေ့ချေတင်ပြရပါသော် လူသားတိနီထိုင်ရေ ဤကမ္ဘာမြီကြီးသည် နှစ်ပေါင်း ၄.၅၅ ဘီလီယံကျော်ခန့်လောက်က ဖြစ်ပေါ်ခလီသည်၊ ကမ္ဘာသည် Planet ဂြိုလ် တစ်လုံးသာဖြစ်သည်၊
နီကို ၀န်းရံလှည့်ပတ်နီရေ ဂြိုလ်တိမှာ ဂြိုလ်ကြီး (၉)လုံးဖြစ်တေ (၁) Mercury
Planet- ဗုဒ္ဓဟူးဂြိုလ်၊ (၂)Venus Planet- သောကြာဂြိုလ်၊ (၃)Earth Planet-ကမ္ဘာဂြိုလ်၊
(၄)Mars Planet- အင်္ဂါဂြိုလ်၊ (၅) Jupiter Planet-ကြာသပတေးဂြိုလ်၊ (၆) Saturn
Planet- စနီဂြိုလ်၊ (၇) Uranus Planet-ယူရေးနပ်ဂြိုလ်၊(၈)Neptune Planet-နပ်ပကျွန်းဂြိုလ်၊
(၉)Pluto Planet- ပလူတိုဂြိုလ်တိနန့် ဂြိုလ်အရံ (၃၁)လုံးရို့က ဂြိုလ်ငယ်ချေတိနှင့်တကွ ၀န်းခံလှည့်ပတ်လျက်ဟိသည်ဟု
ဆိုသည်။

လူသားတိနီထိုင်သော ဤကမ္ဘာဂြိုလ်သည် နီမှ (၉၂,၉၀၀,၀၀၀)မိုင် ကွာဝီးသည်၊ နီမှထုတ်လွှင့်သော အလင်းရောင်သည် ကမ္ဘာမြီပြင်ကိုရောက်ရှိရန် (၈)မိနစ်နှင့် (၃) စက္ကန့်ကြာသည်၊ တစက္ကန့်လျှင် အလင်းဖြတ်သန်းနှုန်းမှာ (၁၆၀,၀၀၀) မိုင်ဟိသည်၊
လူသားရို့နီထိုင်ရေ ဤစကြာဝဠာကြီးတွင် နီသည် အကြီးမားဆုံးပမာဏဟိပြီး ဆွဲအားကြီးသော နီကို
ဆွဲအားနည်းသော ဒေကမ္ဘာ အပါအ၀င်ဂြိုလ်ကြီးကိုးလုံးက လှည့်ပတ်နီလီသည်၊ ကမ္ဘာသည် တစ်ရက်လျှင်
တစ်ပတ်နှုန်းဖြင့် နီကိုလှည့်ပတ်နီသောကြောင့်
တစ်နှစ်( ၃၆၅.၂၆) သို့ (၃၆၅.၂၅၆၄) ရက်တွင်
တစ်ပတ်ရလီသည်၊ ဒေကမ္ဘာသည် သူ့ဝင်ရိုးထက်ပေါ်တွင် အနောက်ဘက်မှ အရှိဘက်သို့ လည်ပတ်နီသောကြောင့်
တခြမ်းစီသည် အမှောင်နန့် အလင်းကို တလှည့်စီ ရဟိစီသည်၊ ရီများသည် အားလုံးခဲမလားစီရန်နန့်
အားလုံး အရေပျိုမလားစီရန် နီမှ သင့်တော်သော အလင်းရောင် အငွိကို ရဟိစီသည်၊ ထို့အတူ လ,သည်လည်း
ကမ္ဘာကိုလှည့်ပတ်ရာ တစ်လလျှင် တစ်ပတ်ရလီသည်၊ ဤကမ္ဘာမြီပြင်ထုသည် အာကာသထဲ၌ မျောပါနီရေ
ဂြိုလ်တစ်လုံးသာဖြစ်သောကြောင့် အခြားဂြိုလ်တစ်လုံးမှ ကြည့်လျှင် “ မှိတ်တုတ်, မှိတ်တုတ်”
လင်းလက်နီသော ကြယ်မှုန် ကြယ်မွှားချေ တစ်ခုသာဖြစ်ပေသည်။ 

ဗုဒ္ဓတရားတော်တွင် စကြာဝဠာသုံးခု ဆက်စပ်ရာဂြား၌ နီရောင်၊ လရောင်၊ မရောက်နိုင်သော အမှောင်ထုကြီး ဖုံးလွှမ်းရာ နီရာကို လောကန္တရိတ်ငရဲဟု ဆိုထားပါသည်၊ ဒေနိခေတ် သိပ္ပံပညာရှင်ရို့ တွိဟိသတ်မှတ်ထားရေ Black
Hold ကောင်းကင်ထောင်ချောက်ကြီးများဖြင့် ယှဉ်တွဲလေ့လာနိုင်ပေသည်။ လောကဓါတ်ပေါင်း (၁၀၀၀)
ပါဝင်သော အုပ်စုကို ဗုဒ္ဓစာပေ၌ အငယ်စား “ သဟဿီ” လောကဓါတ်ဟုခေါ်ဆိုသည်ကို တွိရသည်၊ စကြာဝဠာလောကဓါတ်ပေါင်း
(၁၀၀၀၀) ပါဝင်သည့် အုပ်စုကို “ ဇာတိခေတ်’ အာဏာခေတ်’ ၀ိသယခေတ်” သုံးမျိုးတွင် ဇာတိခေတ်
ဟု သတ်မှတ်ခေါ်သည်။ မြတ်စွာဘုရားရှင်နှင့် ဘုရားအလောင်းတော်များအတွက် ထူးခြားသော နိမိတ်များဖြစ်လျှင်
စကြာဝဠာတိုက် (၁၀၀၀၀) လုံး တုန်ခါတတ်ပေသည်။

ဒေကမ္ဘာမြီပြင်မှ တခါတရံ တွိမြင်ရသော Galazy နဂါးငွေ့တန်းခေါ် Milkway ကို ပါဠိဘာသာမှာ “အာကာသဂင်္ဂါ’ ကောင်းကင်မြစ်ကြီး”ဟု ခေါ်ပါသည်၊ ဂြိုလ်သိမ် ဂြိုလ်မွှားများ အပါဝင် အရံဂြိုလ် (၃၁) လုံး၊ ဂြိုလ်ကြီး (၉) လုံးနှင့်
နီ စကြာဝဠာက နဂါးငွိတန်း Galazy ကိုတစ်ပတ်ရအောင် လှည့်ပတ်ရသော အချိန်မှာ နှစ်ပေါင်း
(၂၂၅) သန်းကြာလီသည်၊ အထက်၌ပြောခရေ နဂါးငွေ့တန်းအား သာမန်မျက်စိနန့်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း
အဆုံးတွင် ဆုံးလာရေလို့ ထင်ရပြီး၊ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင်
ဝမ်းဘဲဥပုံ ခရုခွေကြီး ပုံသဏ္ဍာန် တွိဟိရလီသည်။ လူသားရို့နီထိုင်ရေ ကမ္ဘာမြီအပါအ၀င် ဤစကြာဝဠာကြီးသည်
Galazy နဂါးငွေ့တန်း၏ နောက်ဆုံးအခြွီ အစွန်အဖျားဘေးနားတွင်ဟိသော မပြောပလောက်သည့် အကြီးခွံချေ
တစ်ခုသာဖြစ်ပေသည်။

ဗုဒ္ဓတရားတော်၌ စကြာဝဠာ လောကဓါတ်ပေါင်း (၁၀၀,၀၀၀) ပါဝင်သော အုပ်စုကို “ဒွိသဟဿီ” အလတ်စား စကြာဝဠာအုပ်စုဟုဆိုလီသည်၊ အထက်၌ဖေါ်ပြခရေ နဂါးငွိတန်း Galazy တွင်စကြာဝဠာ ကုဋေ(၁၀၀,၀၀၀)ခန့် ပါဝင်လီသည်၊ ဗုဒ္ဓဒေသနာတော်လာ တတိယစကြာဝဠာအမျိုးစားမှာ
စကြာဝဠာ ကုဋေ (၁၀၀၀၀၀) ခန့်ပါဝင်သော အကြီးစား လောကဓါတ်ကို “တိသဟဿီ” စကြာဝဠာ ဟုခေါ်လီသည်၊
ခေတ် သုံးမျိုးတို့တွင် အာဏာခေတ် ဟုခေါ်၏၊ မြတ်စွာဘုရား၏ ပရိတ်ဒေသနာတော် အာဏာစက် တန်ခိုးသတ္တိ
အရှိန်အဟုန်၊ အာဏာစက် သက်ရောက်ရာ ရပ်ဝန်းဒေသဖြစ်လီသည်၊ ယင်းစကြာဝဠာ ကုဋေ (၁၀၀၀၀၀) သည်
ဆိုးတူ ကောင်းဘက်၊ ဖြစ်တူ၊ ပျက်ဘက်၊ စကြာဝဠာများဖြစ်ကြသည်။

ဒေနိ သိပ္ပံပညာရှင်တို့ သတ်မှတ်ထားသော မဟာလောကဓာတ်သည် Gagazy နဂါးငွိတန်းပေါင်း (၂၅၀၀) ပါဝင်သော လောကဓာတ်ကို ခေါ်ဆိုသည်ဟိသော် နီစကြာဝဠာပေါင်း ကုဋေ (၂၅) သန်းကို အကြီးစား
လောကဓာတ် စကြာဝဠာ” ဟုခေါ်နိုင်မည်ဖြစ်သည်။ ဒေကမ္ဘာအပါဝင် နီစကြာဝဠာကြီးသည် အဆိုပါလောကဓာတ်ကြီးကို
မိုင်ပေါင်း (၁၃၀၀၀၀၀) နှုန်းဖြင့် လှည့်ပတ်နီရသည်ဟုဆိုသည်။ Galazy နဂါးငွိတန်း၏ အကျယ်ဝန်း
ပမာဏမှာ ဒေမာဘက်မှ ထိုမာဘက်ထိ အလင်းနှစ် (၁၅၀၀၀၀) ကြာအောင် လားရပေသည်၊ အလင်းဖြတ်သန်းနှုန်းမှာ
တစ်စက္ကန့်လျှင် မိုင်ပေါင်း (၁၈၆၀၀၀) နှုန်းဖြင့်လားသော် နှစ်သန်းပေါင်း (၂၀၀၀၀) လားမှသာ
ရောက်နိုင်လီသည်၊ ထုထည်အားဖြင့် အလင်းနှစ် (၂၅၀၀၀) မှ (၄၀၀၀၀)ထိ ဟိလီသည်။

အလွန်တရာ အပြောကျယ်လှရေ အာကာသဟင်းလင်းပြင်ထဲမှာ နဂါးငွိတန်း အများကြီးပါဝင်သော လောကဓါတ်ကို သိပ္ပံပညာရှင်ရို့က “NABULA” ဟုခေါ်လီသည်။ ထိုသို့ NABULA သန်းပေါင်း (၃၀)ခန့်လောက် တွိဟိကြောင်း သိပ္ပံပညာရှင်များ၏ ကြော်ငြာချက်၌ တွိဟိရသည်၊ NABULA တခုနန့်
တခု အကွာအ၀ီးမှာ အလင်းနှစ်ပေါင်း (၂) ခန့် ကွာဝီးကြောင်းလည်း ယင်းပညာရှင်ရို့က တွက်ချက်ခကတ်လီသည်၊
ဘုရားဟော အနန္တစကြာဝဠာ ဆိုသည့်စကားအတိုင်း အပြောကျယ်လှရေ အာကာသတခွင်မှာ စကြာဝဠာတို့
မရေတွက်နိုင်အောင်ပင်ရှိကြောင်း လေ့လာသိရှိနိုင်သည်။ ယင်းလောကဓါတ်ကြီး တခုလုံးကို
“ ၀ိသယခေတ်” ဟုခေါ်ဝေါ်လီသည်၊ မြတ်စွာဘုရားရှင်တို့၏ ဥာဏ်တော်ဖြင့်သာလျှင် ထိတွိကျက်စားနိုင်သော
ဒေသပင်ဖြစ်သည်၊ သာမန်လူသားများအနီဖြင့် တပ်အပ်သေချာ သိမြင်နိုင်ဘို့ရန် မလွယ်ကူလှပေ။
မည်သို့ပင်ဖြစ်စီ ဗုဒ္ဓတရားတော်နှင့် ခေတ်သစ်သိပ္ပံပညာရှင်တိ အဆိုအရ tidal
interaction ကြောင့်
ကမ္ဘာကို နီက ၀ါးမျိုလားမည်ဖြစ်ပြီး သက်ဟိအားလုံးနန့်
“ကမ္ဘာကြီးတခုလုံး ပျက်စီးရမည်သာဖြစ်သည်” ဟူသောပြောဆိုချက်များသည် တထပ်တည်းသာဖြစ်သည်။

အထက်မှာပြောခသော ဗုဒ္ဓဘုရားရှင် ဟောကြားခရေ အနန္တစကြာဝဠာ၊ ရောဟိတနတ်သားဖြတ်သန်းခရေ စကြာဝဠာတိနန့်၊ ဒေနီ မျက်မှောက်ခေတ် သိပ္ပံပညာရှင်ရို့က လက်ခံထားရေ စကြာဝဠာတိကို နှိုင်းယှဉ် လေ့လာနိုင်ကတ်စီဖို့ရန် အကောင်းဆုံး
ဆန္ဒမွန်များနန့် ရွီးသားတင်ပြခြင်းဖြစ်ပါသည်။


ကိုတော် ပညာ
8.3.2012


Leave a Reply

 
. © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here