Thursday, March 15, 2012
ဘ၀ရဲ့ အမွှာပူး
Categories :
ဒုက္ခငမိုက်သားကို
မုချပွေ့ပိုက်မထားချင်ပေမဲ့
ဘ၀ရဲ့ပဲ့တင်သံက
ဒုက္ခကို နိုးထစေခဲ့တယ်၊
မခေါ်ပဲလာ
မောင်းထုတ်လည်းမသွား
ရည်မှန်းချက်တွေေ၀၀ါးလို့
အနာဂတ်ကို ရုပ်ပျက်စေခဲ့တဲ့ သူ၊
ဥာဏ်ပညာကို ကြင်ရာထား
ဇွဲလုံးလနဲ့ နှစ်ပါးသွားရရင်
ဒုက္ခငမိုက်သားလည်း
ထာဝရမဖေါက်ပြားနိုင်ပါဘူး၊
တကယ်တော့....
ဒုက္ခငမိုက်သားတွေဟာ
တစ်စက္ကန့်လေးမျှ မကွာခြားတဲ့
ဘ၀ရဲ့အမွှာပူး ညီအစ်ကိုလေးတွေပါ။
15.3.2012
Subscribe to:
Post Comments (Atom)